မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဝန်ဆောင်မှု ပေးနေသည့် ၃၀၊ ၃၁ နှင့် စသည့် MECTel ဖုန်း များတွင် အင်တာနက် စတင်အသုံးပြုရန် ဝန်ဆောင်ခ ကျပ် တစ်သောင်း ပေးဆောင်နေရာမှ လက်ရှိအချိန်တွင် ပေးသွင်းရန် မလိုအပ်တော့ဟု MECTel ထံမှ သိရသည်။
ယင်းကဲ့သို့ အင်တာနက် စတင်အသုံးပြုခ ကျပ် တစ်သောင်းပေးရန် မလိုခြင်းကို ဇန်န၀ါရီ ၁၅ ရက်က စတင်လိုက်ပြီ ဖြစ်သည်။
ယင်းအပြင် စာတိုစနစ် မက်ဆေ့ခ်ျပေးပို့မှုအတွက် ယခင် တစ်စောင်လျှင် ၂၅ ကျပ် ကောက်ခံရာမှ ဇန်န၀ါ ရီ ၁၅ ရက်မှစပြီး တစ်စောင်လျှင် ၁၅ ကျပ်နှုန်း လျှော့ချ ကောက်ခံသွားမည် ဖြစ်သည်။
ယင်းအပြင် MECTel က ၎င်းတို့၏ဖုန်းများ ငွေဖြည့်သွင်းမှုအတွက် နှစ်သစ်ကူး အစီအစဉ်အဖြစ် ဇန်န၀ါရီ ၁၅ ရက်မှ စတင်ပြီး ၃၁ ရက်အထိ ငွေဖြည့်သွင်းပါက ဖြည့်သွင်းသည့် ငွေဖြည့်ကတ် တန်ဖိုး၏ ၇၀ ရာခိုင် နှုန်းကို အပို ထပ်ဆောင်းငွေအဖြစ် ပေးအပ်သွားမည် ဖြစ်သည်။
MEC ဆင်းမ်ကတ် အသုံးပြုသူတစ်ဦးက “ငွေဖြည့်ကတ်ပေါ်မှာ ၇၀ ရာခိုင်နှုန်း ထပ်ပေးတော့ တစ်မိနစ်ကို ဖုန်းပြောခ ၃၀ လောက်တော့ ကျတာပေါ့။ MPT ရဲ့အစီအစဉ်ထက်စာရင် ပိုကောင်းပါတယ်။ အမြဲလုပ်ပေး မယ်ဆိုရင် အဆင်ပြေမယ်” ဟု ဆိုသည်။
ငွေဖြည့်ကတ်တန်ဖိုး ကျပ်တစ်သောင်း ဖြည့်သွင်းပါက အပိုငွေ ကျပ် ၇,၀၀၀ ရရှိ မည်ဖြစ်ပြီး ကျပ် ၅,၀၀၀ ဖြည့်ပါက ကျပ် ၃,၅၀၀ အပိုရရှိမည်ဖြစ်သည်။ ကျပ် ၃,၀၀၀ တန် ငွေဖြည့်ကတ် ဖြည့်သွင်းပါကလည်းကျပ် ၂,၁၀၀ ရရှိမည်ဖြစ်သည်။
ထပ်ဆောင်းပေးထားသည့် အပိုငွေကို ကုန်ဆုံးသည်အထိ အချိန် အကန့်အသတ်မရှိ အသုံးပြုနိုင်မည် ဖြစ် သည်။ ဖုန်းငွေဖြည့်ကတ်များကို အသုံးပြုသူများ အဆင်ပြေစေရန် ကျပ် ၃,၀၀၀ တန် ငွေဖြည့်ကတ်များ လည်း ဈေးကွက်အတွင်း ဖြန့်ဖြူးပေးလျက်ရှိသည်ဟုMECTel ထံမှ သိရသည်။
ယခင်ကMECTel ၏ ဆင်းမ်ကတ် ပျောက်ဆုံးပါက ပြန်လည်လျှောက်ထားရန် ကျပ်နှစ်သောင်း ကောက်ခံ ရာမှ လက်ရှိအချိန်တွင် ကျပ် ၁,၅၀၀ သို့ လျှော့ချ ကောက်ခံလျက် ရှိသည်။

မဇ္ဈိမ

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top