ပြည်တွင်းထုတ် မြန်မာဂိမ်းအမျိုးအစားတစ်ခုဖြစ်သည့် Age of Bayintnaung အား လာမည့် မတ်လအတွင်း Beta Version အနေဖြင့် စတင်ဖြန့်ချိသွားမည်ဖြစ်ပြီး နိုင်ငံတကာ ဂိမ်းဈေးကွက်သို့ ဖြန့်ချိနိုင်ရန်အတွက် ဂျပန်နည်းပညာကုမ္ပဏီအချို့နှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဂိမ်းကိုထုတ်လုပ်သည့် Total Game Play Studio မှ သတင်းရရှိသည်။
ပြည်တွင်း developer များရေးဆွဲထားသည့် အဆိုပါ မြန်မာဂိမ်းကို ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်အချို့က ထုတ်ဝေရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ယခုနှစ် အောက်တိုဘာလတွင် အရှေ့တောင်အာရှဈေးကွက်သို့ စတင်ဖြန့်ချိသွားရန် ကြိုးစားနေကြောင်းး Total Game Play Studio မှ ဒါရိုက်တာ ဦးမြင့်ကျော်သူက ပြောသည်။
Total Game Play Studio မှ ထုတ်လုပ်သည့် အဆိုပါ Age of Bayintnaung ဂိမ်းသည် အာရှနိုင်ငံထုတ် ဂိမ်းများအနက် စောင့်ကြည့်ရမည့် ဂိမ်းအမျိုးအစား ၁၂ မျိုးတွင် ပါဝင်လာသော ပထမဆုံး ဂိမ်းတစ်ခုဖြစ်သည်။

ref:internetjournal

0 comments:

Post a Comment

 
Top