ဆက်သွယ်ရေးအော်ပရေတာ
တစ်ခုဖြစ်သည့် Ooredoo Myanmar သည် လက်ရှိအချိန်၌ ကိုယ်ပိုင်အင်တာနက်
ဆက်ကြောင်းအသစ်တစ်ခုကို တည်ဆောက်နေကြောင်း အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ၏
ပြန်ကြားရေး တာဝန်ခံဖြစ်သူက ပြောသည်။
“ရှိနေတဲ့ ဖိုက်ဘာလိုင်းတွေကိုပဲ အခုကတော့ ငှားသုံးနေတာပေါ့။ ကိုယ်ပိုင် အင်တာနက် ဆက်ကြောင်းကတော့ မှန်းထားတာ ဧပြီလလောက်မှာ ပြီးမယ်” ဟု Ooredoo Myanmar ၏ ပြန်ကြားရေး တာဝန်ခံဖြစ်သူ မသီရိကြာညိုက ပြောသည်။
Ooredoo Myanmar အနေဖြင့် ထိုင်းနိုင်ငံဘက်မှ ဖိုက်ဘာအင်တာနက် ဆက်ကြောင်းကို ပြည်တွင်းသို့ သွယ်တန်းနေခြင်းဖြစ်ပြီး အဆိုပါ ဖိုက်ဘာအင်တာနက် ဆက်ကြောင်းသည် Bandwidth ပမာဏပေါင်း 10 GB ခန့် ရှိသည်ဟု သိရသည်။
ဆက်သွယ်ရေး အော်ပရေတာများအနက် ဈေးကွက်လက်ဦးမူ ရရှိထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အင်တာနက် Bandwidth ပမာဏကို အများဆုံး ပိုင်ဆိုင်ထားကြောင်း၊ ထုတ်ပြန် ကြေညာချက်များ အရ ၎င်းတို့သည် Bandwidth ပမာဏ 32.32GB ကို ပိုင်ဆိုင်ထားပြီး အခြားသော ဆက်သွယ်ရေး အော်ပရေတာများကိုလည်း ပိုမိုနေသော Bandwidth ကို ငှားရမ်း အသုံးပြုစေခဲ့သည်ဟု သိရ သည်။
Ooredoo Myanmar သည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံဘက်မှ အင်တာနက် ဆက်ကြောင်းအသစ်ကို သွယ်တန်းခဲ့ခြင်းဖြစ်ပြီး အလားတူ Ooredoo ၏ ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Telenor Myanmar သည်လည်း ထိုင်းနိုင်ငံဘက်မှ အင်တာနက်ဆက်ကြောင်း အသစ်တစ်ခုကို သွယ်တန်းခဲ့သည်ဟု သိရသည်။
Ooredoo Myanmar သွယ်တန်းနေသည့် အင်တာနက် ဆက်ကြောင်းအသစ်အတိုင်း Telenor Myanmar က 10 GB ပမာဏရှိသော အင်တာနက် ဆက်ကြောင်းအသစ်ကို မကြာသေးခင်က သွယ်တန်းပြီးစီးခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများ၏ အဆိုအရ အင်တာနက်အမြန်နှုန်းသည် ဆက်သွယ်ရေး အော်ပရေတာတိုင်း ယခင်ထက် ပိုမို ကောင်းမွန်လာခဲ့သည်ဟု သိရသည်။
credit - internet journal

0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.