သေချာပါစေ!
အလုပ်ထွက်ဖို့ သင်စိတ်ကူးရှိတယ်ဆိုရင်တော့ ပထမဆုံးသင့်ကိုသင်မေးသင့်တဲ့မေးခွန်းကတော့ သင်တကယ်ရော အလုပ်ထွက်ချင်ပါသလား? ဆိုတဲ့မေးခွန်းပါပဲ။ အလုပ်ထွက်ခြင်းကရော သင့်ရှေ့ရေးအတွက် အကောင်းဆုံး ဖြစ်ပါသလား။
ယခုလုပ်နေတဲ့အလုပ်မှာ သင်အခက်အခဲတွေရှိနေပါသလား?
သင်မပျော်မရွှင်ဖြစ်နေတာကို သင့်အလုပ်ရှင်ကို သိအောင်ပြောပြဖူးပါသလား?
အကယ်၍သင့်အလုပ်ရှင် သင်မပျော်ရွှင်တာကိုမသိသေးဘူးဆိုရင်တော့ အလုပ်ထွက်ခြင်းက မလိုအပ်သေးပါဘူး။အရင်ဆုံး သင်ဘာတွေမပျော်မရွှင်ဖြစ်နေတယ်ဆိုတာကို သင့်အလုပ်ရှင် သိအောင်ပြောပြသင့်ပါတယ်။ သင့်အလုပ်ရှင်က သင့်မပျော်ရွှင်မှုတွေကိုဖြေရှင်းပေးကောင်း ဖြေရှင်းပေးနိုင်ပါတယ်။
အကယ်၍ သင်ကအလုပ်ထွက်ဖို့အရမ်းသေချာနေပြီဆိုရင်လည်း
စနစ်တကျ အလုပ်ထွက်လို့ရပါတယ်။
လုပ်ဆောင်သင့်သည့်အချက်များ
-ပထမဆုံးလုပ်ဆောင်သင့်တာကတော့နှုတ်ထွက်စာတစ်စောင်ရေးဖို့ပါပဲ။နှုတ်ဖြင့်လည်းအလုပ်ထွက်ဖို့ အကြောင်း ပြောဖို့လိုပါလိမ့်မယ်။ဒါပေမဲ့ သင်အလုပ်ထွက်ဖို့အကြောင်းပြောတဲ့အခါမှာတော့ အလုပ်ထွက်စာပါ တစ်ခါတည်း ယူဆောင်သွားပါ။ သင်အလုပ်ထွက်ရသည့် အကြောင်းအရင်းများကိုဖော်ပြပါ။ သင်ဘယ်အချိန် အထိပဲ အလုပ်ဆင်းပေးနိုင်မလဲ ဆိုတာကိုဖော်ပြပါ။ ယဉ်ကျေးစွာ ပြောဆိုပါ။ ထိုကုမ္ပဏီမှာအလုပ်လုပ်ခဲ့သော အချိန်တွေအတွက် ကျေးဇူးတင်ကြောင်းပြောနိုင်ပါတယ်။ ကုမ္ပဏီရဲ့အနာဂတ်အတွက်လဲ ကံကောင်းပါစေ ဆုတောင်းပေးခြင်းအားဖြင့် သင့်အကောင်းမြင်သဘောထားကိုဖော်ပြပါ။
သင်ယခု အလုပ်ထွက်ဖို့ကြိုးစား နေတဲ့သင့်အလုပ်ရှင်ကို သင်နောင်တစ်ချိန်မှာ
ပြန်ပက်သက်ရကောင်း ပက်သက်ရနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။
-ခေါင်းအေးအေးထားပါ။ သင်ဘာကြောင့်အလုပ်ထွက်သလဲဆိုတဲ့ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း ပြောနိုင်ပါစေ။ကောင်းမွန်သောဆက်ဆံရေးဖြင့်သာ သင်အလုပ်ထွက်လိုကြောင်း သင့်အလုပ်ရှင် မြင်အောင်ပြနိုင်ပါစေ။
-သင်အလုပ်မထွက်ခင်အချိန်အထိ သင့်အလုပ်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ပါ။ သင်အလုပ်ထွက်ပြီး မှသင်လုပ်ခဲ့သင့်သောအလုပ်များကိုမလုပ်ခဲ့ပါက အခြားဝန်ထမ်းများအတွက် အလုပ်ပိုစေပါတယ်။ သင့်ကို အလုပ်ထွက်သောနေ့မတိုင်ခင်အထိ လုပ်ခလစာပေးထားသောကြောင့် အလုပ်မထွက်ခင်အထိ တာဝန်ကျေပွန်သင့်ပါတယ်။
-သင်အလုပ်မ၀င်ခင်က အလုပ်ထွက်ခြင်းနှင့်ပက်သက်သော စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန်လက်မှတ် ထိုးခဲ့ပါက ထိုစည်းမျဉ်းများအတိုင်းလိုက်နာသင့်ပါတယ်။အချို့သော ကုမ္ပဏီများက သင်အလုပ်မထွက်ခင်မှာ အင်တာဗျူးဖြေခိုင်းလေ့ရှိပါတယ်။ သင်အလုပ်ထွက်ရသည့်အကြောင်းအရင်းကို သိအောင်ကြိုးစားခြင်းသာ ဖြစ်၍ စိတ်လှုပ်ရှားစရာမလိုပါ။
-အလုပ်ထွက်ခြင်းဆိုသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်၍ အားမနာပါနှင့်။သင်ဟာ
ရည်းစားနှင့်လမ်းခွဲခြင်း မဟုတ်ပါဘူး။ သင့်ရှေ့ရေးတိုးတက်ဖို့
အလုပ်ပြောင်းခြင်းသာဖြစ်ပါတယ်။ အပြစ်ရှိသလိုမခံစားပါနဲ့။
-သင့်ရဲ့ရှေ့ရေးအတွက်အလုပ်ထွက်ရာတွင် ပြောသင့်ပြောထိုက်သောအရာများကိုပြောသင့်ပါတယ်။ဥပမာသင်နှင့်သင့်အလုပ်ရှင်တွင်ရင်းနှီးသောဆက်ဆံရေးရှိပါက နောက်အလုပ်အတွက် ထောက်ခံစာ တောင်းနိုင်ပါတယ်။ သင့်အနာဂတ်အတွက်လိုအပ်သောအရာများကို ရသလောက်ယူပါ။
-အကယ်၍ သင့်အရင်အလုပ်နဲ့ပက်သက်ပြီး ဝေဖန်စရာရှိပါက အကောင်းမြင်သဘောထားနှင့်ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအရာပဲပြောပြောသင်ဟာကုမ္ပဏီရှေ့ရေးကောင်းဖို့ အတွက်ပြောနေကြောင်း သိသာအောင် ယဉ်ယဉ်ကျေးကျေးပြောပါ။
မိုးရှင်း (I.M.T)
0 comments:
Post a Comment