အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ တစ်ချို့သော ပြုမူနေထိုင်ပုံတွေက အမျိုးသားတွေအတွက် ဆက်စီကျလိမ့်မယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေ ဘယ်လိုမှ မခံစားနိုင်တဲ့ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ အရာတွေကတော့
၁။ကလေးသံနဲ့ စကားပြောခြင်း
ချစ်စရာကောင်းအောင်၊ ဆွဲဆောင်မှုရှိအောင် အတင်းကြီး ကလေးသံလုပ်ပြောနေတဲ့၊ ချွဲနွဲ့ပြောနေတဲ့ အမျိုးသမီးတွေကို ဘယ်အမျိုးသားကမှ စိတ်မရှည်ကြပါဘူး။
၂။ရေမွှေးတွေ အသားကုန်ဆွတ်ထားခြင်း
အပြင်သွားတော့မယ်ဆို ရေမွှေးတွေ အသားကုန် ဆွတ်ပြီးထွက်လာတဲ့အမျိုးသမီးနား အမျိုးသားတွေက ကပ်ချင်မယ်ထင်လို့လား။ မကောင်းတတ်လို့ ပြောဆိုဆက်ဆံနေရရင်တောင် ကွယ်ရာမှာ မွှန်ထွန်နေတာပဲကွာလို့ ကောင်းချီး ပေးတတ်ကြပါတယ်။
၃။ဘဲနှုတ်သီးမျိုးနဲ့ နှုတ်ခမ်းထော်ကာ selfie ဓာတ်ပုံရိုက်ခြင်း

မိန်းကလေးတော်တော်များများက selfie ဓာတ်ပုံတွေ ရိုက်တဲ့အခါ ပိုချစ်စရာကောင်းအောင် နှုတ်ခမ်းထော်ထော်ပြီး ရိုက်တတ်ကြပါတယ်။ ဒါမျိုးကို ကိုယ့်ရည်းစားက ချစ်စရာကောင်းတယ်လို့ ပြောချင်ပြောနိုင်ပေမယ့် အခြားယောင်္ကျားတွေကတော့ ဟားချင်ပါလိမ့်မယ်။
၎။မတော်တဲ့ ဖိနပ်အမြင့်တွေကို စီးထားခြင်း
ကြပ်လွန်းတဲ့ ဒေါက်မြင့်ဖိနပ်တွေ၊ မြင့်လွန်းတဲ့ ဒေါက်ဖိနပ်တွေ စီးပြီး သွားရလာရ အဆင်မပြေတာ၊ နာကျင်နေတာကို မြင်တဲ့ အမျိုးသားတိုင်းက အမျိုးသမီးတွေကို ကိုယ်နဲ့အဆင်ပြေပြီး သွားလာရအဆင်ပြေမယ့် ဖိနပ်မျိုးသာ စီးဖို့ အကြံပေးချင်ကြမှာ အမှန်ပါပဲ။
၅။မသင့်တော်တဲ့ စကားအသုံးအနှုန်းတွေ သုံးနှုန်းပြောဆိုခြင်း
တစ်ခါတစ်လေ ဆက်စီကျအောင် လိင်အသားပေးစကားတွေ ပြောတာမျိုး၊ ညစ်ပတ်တဲ့စကားမျိုးတွေ ပြောလာတဲ့ အမျိုးသမီးကို ဘယ်ယောင်္ကျားလေးကမှ အမှတ်မပေးပါဘူး။ ဆက်စီကျတယ်လို့လည်း မမြင်ပါဘူး။ အထင်တောင် သေးသွားနိုင်ပါသေးတယ်။
၆။ကိုယ့်ကိုအထင်ကြီးအောင် သောက်စားပြခြင်း
ငါ ဒီဘဲတွေရှေ့မှာ သောက်ပြလိုက်ရင်တော့ ငါ့ကို ဒီဆော်မိုက်တယ်လို့ ထင်သွားမှာပဲဆိုပြီး သောက်နေကျမဟုတ်တဲ့ အရက်၊ အရေအတွက်တွေကိုကျော်မလုပ်ပြမိပါစေနဲ့။ လူမှန်းသူမှန်းမသိမူးနေတဲ့ အမျိုးသမီးကို ဘယ်ယောင်္ကျားကမှ အထင်မကြီးပါဘူး။ ဒါဆက်စီလည်း မကျပါဘူး။ စိတ်ပျက်စရာကောင်းတာပါ။
Credit to Trend Myanmar
K.K(ကနောင်)

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top